About Us

စိမ်းလဲ့တင် အပန်းဖြေစခန်း နှင့် တိရစ္ဆာန်ဥယျာဉ်ကြီးသည် မြန်မာပြည်တွင်းနေထိုင်သူ မိသားစုတို့မှ ခရစ်သက္ကရစ် (၂၀၀၀)ခုနှစ်တွင် မိသားစုစီးပွားရေးအဖြစ်သဘာဝမြေသြဇာသုံးသောကိုယ်ပိုင် သစ်သီးခြံဖြင့် စတင်ခဲ့ပါသည်။ ရုက္ခဗေဒပညာရှင် နှင့် စိမ်းလဲ့တင် ၏ စတင်တည်ထောင်သူ ဒေါ်သန်းသန်းဆွေက ခရစ်သက္ကရစ်(၂၀၀၀) ခုနှစ်တွင် မြေကွက်(၅၀)ဧကကိုဝယ်ယူခဲ့ပြီး မြေကွက်ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ သစ်သီးပင်များစိုက်ပျိုးခဲ့ပါသည်။ ခရစ်သက္ကရစ်(၂၀၀၀) ခုနှစ်အတွင်းမှာ ကျိုက်ထိုမြို့တွင် နေထိုင်သူလူဦးရေ နည်းပါးခဲ့ပြီး စိမ်းလဲ့တင် သစ်သီးခြံအနီးတွင် ဘာမှမရှိခဲ့ပါ။ ဒေါ်သန်းသန်းဆွေက စီးပွားရေးလုပ်ငန်းကို တိုးတက်မြှင့်တင်ရန် ဆုံးဖြတ်သည့် ရည်ရွယ်ချက်ဖြင့် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ဘုရားဖူးရန်လာရောက်ကြသူများဖြစ်သည့် အဝေးပြေးခရီးစဉ် ယာဉ်မောင်းများနှင့် ခရီးသည်များအား အကောင်းဆုံးသော စားသောက်ဆိုင်ငယ်ဖြင့် ပံ့ပိုးဆောင်ရွက်ရန်ဖြစ်ပါသည်။ ဒေါ်သန်းသန်းဆွေက နောက်ပိုင်းမှာ အိပ်ယာနှင့် နံနက်စာကို ပံ့ပိုးဖြည့်ဆည်းပေးပြီး ကိုယ်ပိုင်တည်းခိုခန်းအငယ်နှင့် စီးပွားရေးလုပ်ငန်းကို တိုးတက်မြှင့်တင်ရန် ဆုံးဖြတ်လိုက်ပြီး လသာဆောင်လေး (၂)ခုဖြင့် လုပ်ငန်းစတင်ခဲ့ပါသည်။

ခရစ်သက္ကရစ်(၂၀၀၅) ခုနှစ်တွင် သစ်သီးခြံမြေမှနေ၍ အိပ်ခန်း(၂၀)ပါဝင်သော ဟိုတယ်အငယ်လေးတစ်ခုကို တိုးချဲ့တည်ဆောက်ရန်နှင့် စားသောက်ဆိုင်ကိုလည်း ပိုမိုကောင်းမွန်စွာဖြင့် ပြန်လည်ဖြည့်ဆည်း တည်ဆောက်ရန်တို့အတွက် ဒေါ်သန်းသန်းဆွေ၏မိသားစုသည် မြေကွက်(၁၀၀)ဧကကိုထပ်မံတိုးချဲ့ ၀ယ်ယူရန်ဆုံးဖြတ်ခဲ့ကြပါသည်။ သူမ၏မြေကွက်သည် ပိုမိုကျယ်ဝန်းလာသည်နှင့်အမျှ ဒေါ်သန်းသန်းဆွေသည် နွားနှင့် ဆိတ် စသည့် အိမ်မွေးတိရိစ္ဆာန်တို့ကို အိမ်မွေးမှုပြုရန် သူမကတိရိစ္ဆာန်တို့ကို ချှစ်တာပင်မက လာကြမည့် ဧည့်သည်များကလည်းတိရိစ္ဆာန်လေးတို့ကိုကြည့်ရှူ ခြင်းသာမက အစာပါကျွေးမွေးကြသဖြင့် တိရစ္ဆာန်လေးတို့ကို မွေးမြူခဲ့ပါသည်။ နောက်ပိုင်းတွင် သူမက သမင်နှင့်ဝက်ဝံလေးများကို ဒေသအတွင်း မုဆိုးများထံမှမှာယူပြီးထိုအကောင်လေးများကို မွေးစားကာ စိမ်းလဲ့တင် ဥယျာဉ်တွင် နေရာပေးကာမွေးခဲ့ပါသည်။နွားနှင့်ဝက်ဝံတို့မှစ၍ ယခုအချိန်အထိတွင်တိရစ္ဆာန် ဥယျာဉ်တွင် အကောင်ရေ(၁၀၀)ကျော် ရှိနေပြီဖြစ်ပါသည်။ ယင်းတို့တွင် ကျားသစ်၊ ဆင်၊ မိကျောင်း၊ ငှက်ကုလားအုတ်၊ အော်ရန်ဂူတန်တို့သည် တရားမ၀င်သော ကူးသန်းရောင်းချသူများထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပါသည်။ စိမ်းလဲ့တင်လုပ်ငန်းသည် ပြည်တွင်းမိသားစု စီးပွားရေးလုပ်ငန်းတွင် ဂုဏ်ယူထိုက်သောလုပ်ငန်းဖြစ်ပါသည်။ သူတို့သည် လက်ထဲတွင် ဘာမျှမရှိသည့်အခါမှစ၍ ယခုအခါတွင် မြေအကျယ်အ၀န်း(၁၅၀) ဧကရှိနေပြီး ကြယ်(၃)ပွင့် ဟိုတယ်တစ်ခု၊ စားသောက်ဆိုင်(၂)ဆိုင်၊ ဧက(၂၀)ရှိ သဘာဝမြေသြဇာသုံးသော ကျယ်ဝန်းလှသည့် ကိုယ်ပိုင်သစ်သီးခြံတစ်ခြံ၊ ယင်းတွင်တိရစ္ဆာန် ဥယျာဉ်တစ်ခုတို့သည် ကောင်းစွာပြုပြင်ထားသော သစ်တောတစ်ခုအတွင်းတွင်ရှိနေပါသည်။