Tourist Attraction

ဗောဓိကိုးထောင်ကျောင်းတိုက် (ကျိုက်ထို)

စိမ်းလဲ့တင်ဟိုတယ်မှ ကားဖြင့် (၁၀)မိနစ်သွားရသော ဗောဓိကိုးထောင် ကျောင်းတိုက်။ ဗောဓိကိုးထောင်မှညောင်ပင်ကြီး။ ညောင်မြစ်များက ညောင်ပင်ကြီးအားထူးဆန်းစွာလက်ယာရစ်လှည့်ပတ်နေပုံ။ ညောင်ပင်ကြီး၏အောက်ခြေတွင် မိုးရာသီ၌ ဆရာတော်၏ ဘုန်းတန်ခိုးတော်ကြောင့် ညောင်ပင်ငယ်များစွာပေါက်နေပုံ။ ကြီးထွားလာသော ညောင်ပင်ငယ်များကိုအ၀င်လမ်းတလျှောက် စီတန်း၍ စိုက်ပျိုးထားပုံ။

ရွှေကျောင်းတော်ကြီး

ဗောဓိကိုးထောင်မှ (၅)မိနစ်ခန့်ဆက်၍လျှောက်သွားလျှင် နှစ်ပေါင်း(၁၅၀)ကျော် ရှေးဟောင်းရွှေကျောင်းတော်ကြီးသို့ ရောက်ရှိနိုင်ပါသည်။ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိသော စာတိုက်ဘီဒိုကြီးများ။ နှစ်ပေါင်း(၂၀၀)ကျော်သက်တမ်း ရှိသော ကြာကလပ်။ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိသော ရှေးဟောင်းကျောက်စားပွဲနှင့် ကုလားထိုင်။ နှစ်ပေါင်း (၆၀)ကျော်ရှေးဟောင်းမှန်မီးအိမ်များ။

ကော့ဂွန်းဂူ ( ဘားအံ )

စိမ်းလဲ့တင်မှ ဘားအံမြို့သို့ (၇၆) မိုင်ခန့်ကွာဝေးပြီး ကားဖြင့်သွားလျှင် (၃)နာရီခန့် မောင်းရပါသည်။ကော့ဂွန်းဂူသည် ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဂွန်းကျေးရွာအနီးတွင်ရှိသော ကော့ဂွန်းထုံးကျောက်တောင်၏ သဘာဝထုံးကျောက် တောင်တစ်ခုဖြစ်သည်။ သံလွင် ဒုံသမိဒေသတွင် မင်းလွင်ဂူ၊ ၀င်းဆုံဂူ၊ ဘုရင့်ညီနောင်ဂူ၊ ဖားကပ်ဂူ ကော့ဂွန်းဂူနှင့် ရသေ့ပျံဂူတို့ရှိကြသည်။ ဗုဒ္ဓရုပ်ထုတော်များနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိမှုကြောင့် ကော့ဂွန်း လှိုဏ်ဂူသည် အထင်ရှားဆုံးဖြစ်သည်။ လှိုဏ်ဂူအတွင်းပိုင်းနှင့် အပြင်ဖက်တို့တွင် အုတ်၊ ကျောက်၊ အင်္ဂတေ သစ်သား တို့ဖြင့်အနေအထား အမျိုးမျိုးဖြင့် စီမံထားသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ

ကျိုက်ထီးဆောင်းဘုရား

စိမ်းလဲ့တင်မှကျိုက်ထီးဆောင်းသို့ မိုင်(၃၀)ခန့်ဝေးပြီး ကားဖြင့်(၁) နာရီခန့်မောင်းရသည်။ သာသနာသက္ကရာဇ် (၁၁၁) ခုနှစ်တွင် မြတ်စွာဘုရားသည် သုဝဏ္ဏဘုမ္မိကေလာသတောင်သို့ ဒေသစာရီကြွချီတော်မူပြီးနောက် ရသေ့၊ ရဟန်းတို့ အား တရားဟောကြားဆုံးမပြီးလျှင် ဆံတော်မြတ်များပေးကမ်းစွန့်ကျဲခဲ့ရာ ဒေ၀ကုန္ဒလနှင့် နမဏိကုန္ဒလ အမည်ရှိသော၊ ယက္ခညီနောင်သည်လည်း ဆံတော်တစ်ဆူကိုရခဲ့သည်။ ယက္ခညီနောင်တို့သည် သာသနာသက္ကရာဇ် (၁၁၃)ခုနှစ်တွင် ဆံတော်ကိုဌာပနာ၍ စေတီတည်ထားကိုးကွယ်ခဲ့သည်။ စေတီတည်ရှိရာ ကျောက်တောင်ကုန်းကို မြဦးတောင်ဟု ခေါ်သည်။ စေတီတော်ကြီး၏ ထီးတော်မှာ တစ်ဖက်သို့ စောင်းနေသဖြင့် ကျိုက်ထီးဆောင်း (သို့) ထီးဆောင်းနေသော ဘုရားဟုအမည်တွင်သည်။ြ

ကျိုက္ကလွန်ပွန်း

စိမ်းလဲ့တင်ဟိုတယ်မှ မိနစ်(၂၀)ခန့်မောင်းလျှင် စစ်တောင်းကျေးရွာအနီးရှိ ကျိုက္ကလွန်ပွန်း ဘုရားသို့ရောက်နိုင်ပါသည်။

ကျိုက်ပေါလောမှဲ့ရှင်

စိမ်းလဲ့တင်ဟိုတယ်မှ ကားဖြင့်(၁၀)မိနစ်ခန့်မောင်းလျှင် ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်ဘုရားသို့ရောက်ရှိနိုင်သည်။ ကျိုက်ပေါလောမှဲ့ရှင် ဒါယကာကွယ်လွန်သွားသောအခါ အခြားဒါယကာများမှ ဆက်လက်၍ ဘုရား၏အနောက်ဖက်တွင် စေတီစတည်ရာ တည်မရသောစေတီ ၁ ဆူ ရှိသည်။

မသိန်းတန်ဘုရား

မြသိန်းတန်ဘုရားသမိုင်းအကျဉ်း

စစ်တောင်း ( သိမ်ဇရပ်ကျေးရွာ )

သိမ်ဇရပ်ဆိပ်ကမ်းမှ မြန်မာ့ကျေးလက်လူနေမှုစရိုက်ကို မြင်တွေ့ရပုံ။ လူ(၃၀)ခန့်စီး နိုင်သောစက်လှေများ သိမ်ဇရပ် ဆိပ်ကမ်းအနီးရှိ မြင်းလှည်းဂိတ် စစ်တောင်းမြစ် အတွင်း ရှိရှုခင်းများကို စက်လှေစီး၍ကြည့်ရှု့ခံစားနိုင်ပါသည်။ စက်လှေစီးလျှင် (၁)နာရီ (၁၅၀၀၀)ကျပ် နှင့် ငှားရမ်းနိုင်ပါသည်။ (ဈေးနှုန်းအတက် အကျရှိနိုင် ပါသည်။) ဟိုတယ်တွင် တည်းခိုသော ဧည့်သည်များအတွက် စိမ်းလဲ့တင်ဟိုတယ်မှ တာဝန်ယူဆောင်ရွက်ပေးပါသည်။ စစ်တောင်းမြစ်အနီးရှိ ဘုရားများကို စစ်တောင်းတံတားပေါ်မှနေ၍ မြင်းလှည်းစီးရင်း လေ့လာဖူးမြော်နိုင်ပါသည်။ မြင်းလှည်းတစ်စီး တွင်လူ(၆) ဦးစီးနိုင်ပြီး(၂၀၀၀)ကျပ်ဖြင့် ငှားရမ်းနိုင်သည်။ (ဈေးနှုန်းအတက်အကျရှိနိုင်ပါသည်။

သင်္ဘောဦးပုံသဏ္ဍာန် ကျောင်းတိုက်ကြီး

စိမ်းလဲ့တင်ဟိုတယ်မှ မိနစ်(၂၀)ခန့်ကားဖြင့်သွားလျှင် ဂျပန်ခေတ်ဗုံးဒဏ်ကြောင့် ပျက်စီးသွားသောသင်္ဘောဦးပုံသဏ္ဍာန် ကျောင်းတိုက်ကြီးသို့ရောက်ရှိနိုင်ပါသည်။ ဥာဏ်တော်အမြင့်ပေ(၄၀)ရှိသော နောင်တော်လေးရုပ်ပွားတော်မြတ်။ ဥာဏ်တော် အမြင့်ပေ(၄၀)ရှိသော နောင်တော်ကြီးရုပ်ပွားတော်မြတ်။ ဗုံးဒဏ်ကြောင့်ပျက်စီးသွားသော သင်္ဘောဦး ပုံသဏ္ဍာန် ကျောင်းတိုက်ကြီး။ ကျောင်းကြီးအတွင်းပိုင်းတွင် ညောင်မြစ် များထူးဆန်းစွာတွယ်ကပ် ပေါက်နေပုံ။

သင်္ဘောဦးကျောင်းတော်ကြီးနှင့် နောင်တော်ကြီး၊ နောင်တော်လေး ဗုဒ္ဓရုပ်ပွားတော်မြတ် (၂)ဆူ၏ သမိုင်းအကျဉ်း။