Organic Orchard

ဝါသနာကို အရင်းခံပြီးစေတနာသဒါတရားတို့ဖြင့်စတင်တည်ထောင်ခဲ့သည်။ "စိမ်းလဲ့တင်" သဘာဝ အပန်းဖြေစခန်းကြီးသည် အဆိပ်ဓာတ်တို့ ကင်းစင်ရာ အဖိုးတန်ရှားပါးသော "အော်ဂဲနစ်" ဥယျာဉ်ကြီးတစ်ခုဖြစ်ပါသည်။ 

အမိမြန်မာပြည်ကြီး၏ အဖိုးတန်မျိုးကောင်းရှားပါးပင်များ သီးပင်များကို မြတ်နိုးစွာ စုဆောင်းစိုက်ပျိုးထားရှိပါသည်။ ကမ္ဘာ့အကောင်းဆုံးနံပါတ်တစ် မွန်ပြည်နယ်၏ဂုဏ်ဆောင် ပန်းရောင်ကျွဲကော်၊ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ တစ်နှစ်လုံးသီးဒညင်း၊  အဖီးတစ်ရာကျော်ရှိပြီး အရှည် ၈ ပေအထိရှိသော ငှက်ပျော၊ တစ်နှစ်လုံးအဆက်မပြတ်ပွင့်ဂန့်ဂေါ်၊ ပွင့်ဖတ်ငါးဖတ်ထိရှိသော ပန်းရောင်ဂန့်ဂေါ်၊ ဗေဒါရောင်ရေစို ဂန့်ဂေါ်ပြာ၊ ဘယ်လိုပွတ်ချေချေ မကြေသောပွတ်မကြေသော ပွတ်မကြေပင်၊ တစ်နှစ်လုံးပွင့်ခရေ၊ လေမတိုက်ပဲ သက်ဝင်လှုပ်ရှားသည့် စီးပွားတိုးဂမုန်းပင် တို့အပါအ၀င် မျိုးစိတ်ပေါင်း (၁၀၀၀) ကျော်စိုက်ပျိုးထားရှိပါသည်။

နိုင်ငံခြားမျိုးများဖြစ်သည့် အာဖရိက တောနက်မျိုး ကမ္ဘာ့အကြီးဆုံးကြာပင်သည် ၈ လသားအရွယ်ကလေး တက်ထိုင်နိုင်ပြီး ပို၍ကြီးမားလာပါက ၈ နှစ်သားအရွယ်အထိတက်ထိုင်နိုင်ပါသည်။ တစ်နှစ်လုံး သီးအ၀ါရောင်ပိန္နဲမျိုးမှစ၍ တစ်နှစ်လုံးသီး အနီရောင်ရဲရဲ ပိန္နဲ၊ တစ်မွှာလျှင် တစ်ဆယ်ကျပ်သားကျော်လေးသည့် ပိန္နဲ၊ ပင်စည်တစ်တောင်အမြင့် ၃ နှစ်သား၌စတင်သီးသော ချိုလွန်း၊ မွှေးလွန်းသည့် ရွှေတံဆိပ်ဆုရ နိုင်ငံခြားအုန်းချိုမွှေး၊ အမြင့်တစ်တောင်၌စသီးသော အချိုဆုံးသင်္ဘောပင်များ၊ လှပဆန်းပြားသော ပန်းပင်၊ သစ်ပင်များစုံလင်စွာစိုက်ပျိုးထားပါသည်။ 

မျိုးညံ့များစိုက်ပျိုးမိ၍ ခံစားခဲ့ရသော ခါးသီးသည့် အတွေ့အကြုံများကို သူတပါးတို့မဖြစ်ကြစေရန် ရည်ရွယ်၍ အခက်အခဲများကြားမှ ပျိုးပင်ထုတ်လုပ်ရောင်းချရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်၍ ယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်ကြပါသည်။ အနှစ် (၂၀ ) ကျော် အတွေ့အကြုံဖြင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်စေရန် တစ်ထောင့်တနေရာမှ ပါဝင်ကူညီလျက်ရှိပါသည်။